Wednesday, June 29, 2016

ဦးအောင်မင်း လွှတ်တော်ကို လိမ်ပြောမိခဲ့သလား

No comments
မာန်သူရှိန်

၂ဝ၁၄ ခုနှစ် အောက်တိုဘာ ၁၃ ရက်က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ ငြိမ်းချမ်းရေးကားပါမစ်တွေနဲ့ ပတ်သက်လို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက “လိုင်စင်စာအုပ်မှာ တံဆိပ်တုံး နှိပ်လိုက်ပါတယ်။ အဲ့ဒီတံဆိပ်တုံးက ဘာလဲဆိုရင် ဒီကားကို ပိုင်ရှင်ကပဲစီးရမယ် လက်လွှဲလက်ပြောင်း မပြုရဘူးဆိုတဲ့သဘောမျိုး ဒီလိုရေးထားခြင်းဖြစ်တယ်”လို့ လာရောက်ပြောကြား ခဲ့ပါတယ်။

၂ဝ၁၅ ခုနှစ် မတ် ၁ဝ ရက် မှာ နေပြည်တော်က ကညနရုံးချုပ်ကို မေးမြန်းတဲ့အခါ ငြိမ်းချမ်းရေး ပါမစ်ကားတွေနဲ့ပတ်သက်လို့ ပြည် တွင်းအခွန်မှာ အခွန်ဆောင်လိုက်တာနဲ့ အခွန်ဆောင်လိုက်တဲ့ ဘယ်သူ့အမည်ကိုမဆို ပြောင်းလို့ရတယ်၊ ရုံးတွင်းအမိန့်စာလည်း ထွက်ပြီးဖြစ်တယ်လို့ ပြောပါတယ်။

ဆိုလိုတဲ့ အဓိပ္ပာယ်ကတော့ ပြည်တွင်းအခွန်မှာ အခွန်ဆောင်လိုက်ရင် ဘယ်နှလက်ပဲပြောင်းပြောင်း ပြောင်းလို့ရတယ်၊ အမည်ကိုလည်း ကြိုက်သလောက်ပြောင်းလို့ ရတယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်လို့ ငြိမ်းချမ်းရေး ပါမစ်ကားတွေဖြစ်တဲ့ 9E/1000 ကျော်ကားတွေဟာ ကြိုက်သလို တရားဝင် လက်လွှဲလက်ပြောင်း လုပ်ခွင့်ရှိတဲ့ အခြေအနေ ဖြစ်သွားပါ ပြီ။

ဒီတော့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ပြည်ထောင်စုလွှတ်တော်မှာ ပြောခဲ့တာနဲ့ ပြောင်းပြန်ဖြစ်နေတဲ့အတွက် ဝန်ကြီးအနေနဲ့ ဘာကြောင့် ဒီလိုပြောခဲ့သလဲ၊ မသိလို့လား၊ အခုကတော့ လွှတ်တော်ကို လိမ်ပြောသလို ဖြစ်နေပါတယ်။

နိုင်ငံတစ်နိုင်ငံမှာ သမ္မတရဲ့ စကားတည်တံ့မှုက အရေးကြီးပါတယ်၊ သမ္မတက အရေးကြီးသလို သမ္မတရုံးဝန်ကြီးတွေရဲ့ ပြောစကားတွေကလည်း တည်တံ့မှန်ကန်ဖို့ အရေးကြီးပါတယ်။ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး တစ်ယောက်ရဲ့ စကားက တည်တံ့မှုမရှိဘဲ လွဲမှားနေတယ်၊ အလွဲတွေ ပြောခဲ့တယ်ဆိုရင် ပြည်သူတွေရဲ့ မယုံမရဲမှုတွေ တိုးလာဖို့ပဲရှိတယ်။ ဒါကြောင့် လွှတ်တော်ကို လိမ်ပြောမိခဲ့သလားဆိုပြီး မေးမြန်းနေရတာပါ။

နောက်ထပ် အရေးကြီးတဲ့ အချက်က ငြိမ်းချမ်းရေးခေါင်းစဉ်နဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတို့က ကားအစီးပေါင်း ၁၁၁ဝ စီးကို ခွင့်ပြုပေးလိုက်တာမှာ ဝန်ကြီးတို့ ပြောတဲ့အတိုင်းမဟုတ်ဘဲ နိုင်ငံတော်က အခွန်အရပ်ရပ် အမေရိကန်ဒေါ်လာ သန်း ၃ဝဝ နစ်နာသွားတဲ့ ကိစ္စပါ။

လွှတ်တော်မှာ ၀န်ကြီး ဒီလိုပြောခဲ့တယ်

၂ဝ၁၄ ခုနှစ် အောက်တိုဘာ ၁၃ ရက်က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ ငြိမ်းချမ်းရေး ကားပါမစ်တွေနဲ့ပတ်သက်လို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းပြောခဲ့တဲ့ စကားအချို့က ဒီအတိုင်းပါ။

“ကျွန်တော်တို့ သူတို့ကို ကားပါမစ်ပေးတာ မဟုတ်ပါဘူးဗျာ။ ကျွန်တော်တို့ အမိန့်စာထဲမှာလည်း ကားပါမစ်ပေးတယ်လို့လည်း မရေးပါဘူးခင်ဗျာ။ ကျွန်တော်တို့ပေးတာက သူတို့စီးတဲ့ကားတွေကို Register လုပ်ပေးတာပဲ ဖြစ်ပါတယ်။ မှတ်ပုံ တင်ပေးတာပဲ ဖြစ်ပါတယ်”

“ကျွန်တော်တို့ နိုင်ငံရေး တည်ဆောက်တဲ့ကိစ္စဟာ ဥပဒေပြင်ပမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို ဥပဒေထဲကို ရောက်လာအောင် ကျွန်တော်တို့က ခေါ်ရတဲ့လူတွေ ဖြစ်ပါတယ်။ အလားတူပဲ သူတို့ဥပဒေပြင်ပမှာရှိနေတဲ့ ကားတွေကို ဥပဒေထဲရောက်အောင် မှတ်ပုံတင်ပေးခြင်းသာ ဖြစ်ပါတယ်။ အဲ့ဒီလိုတင်ပေးတဲ့ အခါမှာလည်း အဖွဲ့ပေါင်း အားလုံးပေါင်း ၁၆ ဖွဲ့ ဖြစ်တဲ့အတွက် ၁၆ ဖွဲ့ဆိုတဲ့အတွက် အဲ့ဒီမှာ အရေအတွက် များပါတယ်။ ဒါကြောင့်မို့လို့ ဒီမှာအားလုံးပေါင်း လူကြီးစီးတဲ့ကားတွေကိုတော့ ကျွန်တော်တို့က တန်းပြီးတော့မှတ်ပုံတင် ပေးလိုက်ပါတယ်။ လူငယ်တွေ၊ တပ်ဖွဲ့ဝင်တွေစီးတဲ့ ကားတွေကိုတော့ အခွန် ၆ဝ ရာခိုင်နှုန်းဆောင်ပြီးမှ လုပ်ပေးတာဖြစ်ပါတယ်။ ဒီလို ၆ဝ ရာခိုင်နှုန်းဆောင်တာ ဆိုတာဟာ လုပ်ငန်းအသစ်အဆန်း မဟုတ်ပါဘူး။ ကျွန်တော်တို့ အရင်တုန်းက Without လိုင်စင်ကားတွေကို လုပ်ပေးတဲ့ နည်းစနစ်အတိုင်းသာ ဆောင်ရွက်ခြင်းဖြစ်ပါတယ်”

“အဲဒီတော့ ဒီကားတွေကိုလည်း နံပါတ်တွေကို ပေးတဲ့အခါမှာ ကညနကနေပြီးတော့ နံပါတ်ကို Grouping နဲ့ ထုတ်ပေးပါတယ်။ အဲ့ဒီပေးတဲ့ လိုင်စင်စာအုပ်မှာ တံဆိပ်တုံးနှိပ်လိုက်ပါတယ်။ အဲ့ဒီတံဆိပ်တုံးက ဘာလဲဆိုရင် ဒီကားကို ပိုင်ရှင်ကပဲစီးရမယ် လက်လွှဲလက်ပြောင်းခြင်း မပြုရဘူးဆိုတဲ့ သဘောမျိုး ဒီလိုရေးထားခြင်းဖြစ်တယ်။ ဒီကားတွေဟာ အပြင်မှာသွားရောင်းရင် ဈေးကောင်းမရပါဘူး။ အဲလို စနစ်တကျ လုပ်ထားခြင်းဖြစ်ပါတယ်။ ကား Register လုပ်ပေးတယ် ဆိုတာကလည်း ကက်ဘိနက်ကို တင်ပြပြီးကာမှ ခွင့်ပြုချက်နဲ့ ထုတ်ပေးခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ တစ်ဦးတစ်ယောက်တည်းရဲ့ သဘောအရ ဆောင်ရွက်ပေးခြင်း မဟုတ်ကြောင်းလည်း ဒီလိုတင်ပြအပ်ပါတယ်” လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဝန်ကြီး အလွဲတွေပြောမိတာလား လွဲပြီး ပြောမိလိုက်တာလား

ဝန်ကြီးပြောတာက ငြိမ်းချမ်းရေး အဖွဲ့အစည်းတွေ စီးနေတဲ့ကားတွေကို မှတ်ပုံတင်ပေးတယ်လို့ပြောတယ် ဒါဆို Rolls Royce Phantom တို့ Lamborghini တို့က တောထဲမှာ လက်ရှိစီးနေတဲ့ကားတွေလား မေးစရာ ရှိလာပါတယ်။

နောက် ဝန်ကြီးပြောတဲ့ လက်လွှဲလက်ပြောင်း မပြုရဘူးဆိုတဲ့ အဓိပ္ပာယ်ရတဲ့ တံဆိပ်တုံးကရော အခုဘာအဓိပ္ပာယ် ဖြစ်သွားပြီလဲ။

အခု လပိုင်းလေးမှာတင် ပြည်ထောင်စု အစိုးရအဖွဲ့မှာပါတဲ့ လူကြီးတစ်ယောက်ရဲ့ မိသားစုဝင်တစ်ယောက်က ငြိမ်းချမ်းရေးပါမစ်နဲ့ အမည်ပေါက် အရောင်းအဝယ်လုပ်ပြီး ဒေါ်လာသိန်းဂဏန်းကနေ သန်းဂဏန်းအထိတန်တဲ့ Lamborghini ကားကို အခွန်ကင်းလွတ်ခွင့်ဈေးနဲ့ စီးနေပါပြီဝန်ကြီး။

ဝန်ကြီးက လက်လွှဲလက်ပြောင်း မလုပ်ရဘူးလို့ ပြောခဲ့ပေမယ့် အခု ကညနကတော့ ပြည်တွင်းအခွန်မှာ အခွန်ဆောင်ရင် အခွန်ဆောင်သူ အမည်နဲ့ မှတ်ပုံတင်ခွင့်ပေးတယ်လို့ အမိန့်စာ ထုတ်လိုက်ပါပြီ။

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတို့ ခွင့်ပြုပေးခဲ့တဲ့ 9E\1000 ကျော် ငြိမ်းချမ်းရေးပါမစ် ကားတွေကို နာမည်ပြောင်းမယ်ဆိုရင် ပထမဆုံးစပြီး အမည်ပေါက် လုပ်တဲ့သူက ပြည်တွင်းအခွန်မှာ တစ်ပြားမှ အခွန်ပေးစရာမလိုပဲ ကညနမှာ အမည်ပေါက်ရပါတယ်။

အဲဒီ အမည်ပေါက်သူကနေမှ နောက်တစ်ယောက်ကို ရောင်းတဲ့အခါ နောက်ဆုံးဝယ်တဲ့သူက သူ့အမည်ပေါက်လိုချင်ရင် ပြည်တွင်းအခွန်ကိုသွားပြီး ကားတန်ဖိုးကို ရာဖြတ် ဖြတ်ရတယ်။ အဲ့ဒီရာဖြတ်တန်ဖိုးရဲ့ ၃ ရာခိုင်နှုန်းကို အခွန်ပေးဆောင်လိုက်တာနဲ့ ကညနမှာ ကိုယ့်အမည်ပေါက် ပြန်ပြောင်းလို့ရပါပြီ။

ဥပမာ-ကျပ်သိန်း ၅ဝဝဝ ရဲ့ ၃ ရာခိုင်နှုန်း သိန်း ၁၅ဝ အခွန်ပေးလိုက်တာနဲ့ ကိုယ့်အမည်ပေါက်ရပြီ။ 

ပြည်တွင်းအခွန်မှာ ရာဖြတ်တယ်ဆိုလို့ အပြင်မှာ သိန်း ၅ဝဝဝ တန်တဲ့ကားကို သိန်း ၅ဝဝဝ အပြည့် ဘယ်သူမှ မဖြတ်ဘူး။ အဲ့ဒီထက် လျှော့ဖြတ်ကြတာချည်းပဲ။

အဲ့ဒီတော့ ကညနက ခွင့်ပြုလိုက်တဲ့အတွက် ကညန (ရထားပို့ဆောင်ရေး ဝန်ကြီးဌာန)က မှားတာလား၊ ဝန်ကြီးက လွှတ်တော်မှာ လွဲပြောမိခဲ့တာလားဆိုတာ မေးစရာ ဖြစ်လာတာပေါ့။

ပါမစ်ပေးတာ မဟုတ်ဘူးလို့ ဝန်ကြီးကပြောတယ်။ အခု တန်ဖိုးကြီးကားတွေက အကုန်လုံး နိုင်ငံတကာက ဝယ်သွင်းပြီး စီးတာဆိုတော့ သွင်းခွင့်ရှိတဲ့ ပါမစ်မဟုတ်လို့ ဘယ်လိုခွင့်ပြုချက်ကြီးများပါလဲ ဝန်ကြီး။ ပြီးတော့ ဈေးကွက်ထဲမှာလည်း ပါမစ်တစ်စောင် အရင်ကျပ် သိန်း ၅ဝဝ ကနေ အခုဆို ကျပ်သိန်း ၂ဝဝဝ ဝန်းကျင် ပေါက်ဈေးနဲ့ ရောင်းဝယ်နေကြတာဖြစ်လို့ ပါမစ်မဟုတ်ဘူးဆိုတော့ ဘယ်လိုခွင့်ပြုချက်များလဲ။

ဒါတွေ ခြုံကြည့်လိုက်ရင် ဝန်ကြီးအနေနဲ့ ပြည်ထောင်စုလွှတ်တော်မှာ ပြောတဲ့အခါ ဝန်ကြီးတို့ ချပေးလိုက်တာနဲ့မတူပဲ အပြင်မှာဖြစ်နေတာကိုမသိလို့ လွဲပြောလိုက်တာလား၊ ဒါမှ မဟုတ်သိသိနဲ့ လိမ်ပြောမိလိုက်တာလားလို့ ထင်မြင်စရာ ရှိနေပါတယ်။

ဝန်ကြီးချပေးတဲ့ ကားတွေ ဘယ်သူစီး

ဝန်ကြီးပြောတာက ငြိမ်းချမ်းရေးအဖွဲ့အစည်းတွေ လက်ထဲမှာရှိတဲ့ကားတွေကို မှတ်ပုံတင်ပေးလိုက်တာလို့ ပြောခဲ့တယ်။

အခု ဒီကားတွေ ဘယ်သူတွေက အမည်ပေါက်နဲ့ စီးနေသလဲဆိုတော့ လွှတ်တော်အမတ်အချို့နဲ့ သူတို့ရဲ့မိသားစုဝင်တွေ၊ လက်ရှိအစိုးရအဖွဲ့က ပြည်ထောင်စုဝန်ကြီးအချို့ရဲ့ မိသားစုဝင်တွေ၊ အရင်အစိုးရရော အခုအစိုးရ လက်ထက်မှာရော အခွင့်အရေးပေါင်း များစွာရနေတဲ့ ခရိုနီလုပ်ငန်းရှင်တစ်စုပဲ စီးနင်းနေကြတာ ဖြစ်ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်တွေဆီက ကားတွေကို မှတ်ပုံတင်ပေးတယ်လို့ ပြောပေမယ့် ရန်ကုန်လိုင်စင်နဲ့ချည်းပဲ ရန်ကုန်မှာ အများဆုံးစီးနေကြတာ ဖြစ်ပါတယ်။ ဝန်ကြီးပြောခဲ့တာတွေနဲ့ အများကြီးကွဲလွဲနေတာ မျက်မြင်ပါပဲ။ တကယ်ဆို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအမည်နဲ့ပဲ ရှိရမယ့်ကားတွေ ဘာကြောင့် အပြင်လူအမည်တွေနဲ့ စီးနေကြသလဲ ဆိုတာကလည်း မေးစရာ ကောင်းနေပါတယ်။

ပြည်သူ့ဘဏ္ဍာ ဒေါ်လာသန်း ၃၀၀ ဘယ်လိုရှင်းမလဲ

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက အစီးရေ စုစုပေါင်း ၁၁၁ဝ ချထားပေးခဲ့တယ်၊ အဲ့ဒီထဲမှာ အခွန်လုံးဝကင်းလွတ်ခွင့်နဲ့ ကားက အစီး ရေ ၃၇ဝ ရှိတယ်၊ ၃၇ဝ မှာ ၂၅၇ စီးက မှတ်ပုံတင်ပြီးပြီ၊ ၆ဝ ရာခိုင်နှုန်းပဲ အခွန်ဆောင်ရတဲ့ကားက အစီးရေ ၇၄ဝ ချထားပေးတယ်၊ ၇၄ဝ မှာ ၅၂၃ စီး မှတ်ပုံတင်ပေးပြီးပြီလို့ပါ ထပ်ပြီးပြောခဲ့ပါသေးတယ်။

လုံးဝအခွန်ကင်းလွတ်ခွင့်နဲ့ ပေးလိုက်တဲ့ ငြိမ်းချမ်ရေးပါမစ် (အရပ်အခေါ်) တွေကို သွင်းတဲ့အခါမှာ တန်ဖိုးနည်းကားတွေကို မသွင်းကြပါဘူး။ ပါမစ်ရှိတဲ့သူ အားလုံးနီးပါးက ဒေါ်လာ သိန်းဂဏန်းကနေ သန်းဂဏန်း အထိတန်တဲ့ တန်ဖိုးမြင့်ကားတွေကိုပဲ အားလုံးက တင်သွင်းစီးနင်း ရောင်းဝယ်နေကြတာ ဖြစ်ပါတယ်။

ဒေါ်လာ ၅ဝဝဝဝဝ ဝန်းကျင် အထိတန်တဲ့ Rolls Royce Phantom၊ ဒေါ်လာ ၃ဝဝဝဝဝ ဝန်းကျင်တန်တဲ့ Bentley၊ ဒေါ်လာ သိန်းဂဏန်းမှ သန်းဂဏန်း အထိတန်တဲ့ Lamborghini လို ကားမျိုးတွေကို တင်သွင်းပြီး 9E/1000 ကျော်နံပါတ်တွေနဲ့ စီးနင်းရောင်းဝယ် နေကြတာ ဖြစ်ပါတယ်။

ဒေါ်လာ ၅ဝဝဝဝဝ ဝန်းကျင်အထိ တန်ဖိုးရှိတဲ့ Rolls Royce Phantom လိုကားကို အခွန်နဲ့သွင်းမယ်ဆိုရင် နိုင်ငံတော်ကို အခွန်ငွေ ကျပ်သိန်း ၈ဝဝဝ ဝန်းကျင်အထိ ဆောင်ရမယ်။ အခု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတို့က အခွန်ကင်းလွတ်ခွင့်နဲ့ သွင်းခွင့်ပေးလိုက်တဲ့အတွက် Rolls Royce တစ်စီးသွင်းတိုင်း ကျပ်သိန်း ၈ဝဝဝ နိုင်ငံတော်က နစ်နာသွားခဲ့တယ်။

ဒီလိုပဲ ဒေါ်လာ ၃ဝဝဝဝဝ ဝန်းကျင်တဲ့ Bentley ကို အခွန်ကင်းလွတ်ခွင့်နဲ့ သွင်းခွင့်ပေးတဲ့အတွက် Bentley တစ်စီးသွင်းတိုင်း နိုင်ငံ့အခွန်ငွေ ကျပ်သိန်း ၅ဝဝဝ ဝန်းကျင်အထိ နစ်နာခဲ့ရတယ်။

ဒီထက်ဆိုးတာက ဒေါ်လာသိန်းဂဏန်းကနေ သန်းဂဏန်းအထိတန်တဲ့ Lamborghini ကားကို အခွန်လွတ်နဲ့ သွင်းခွင့်ရသွားတဲ့အတွက် တစ်စီးသွင်းတိုင်း နိုင်ငံအနေနဲ့ အခွန်ငွေ အနည်းဆုံး ကျပ်သိန်း ၅ဝဝဝ နဲ့အထက် နိုင်ငံတော်က နစ်နာခဲ့ရပါတယ်။

အခု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းပြောတဲ့ အစီးရေအတိုင်းဆိုရင် အစီး ၁၁၁ဝ အတွက် နိုင်ငံတော်ဟာ အခွန်ငွေ အမေရိကန်ဒေါ်လာ သန်း ၃ဝဝ နီးပါးအထိ နစ်နာသွားခဲ့ပြီ။

လုံးဝအခွန်ကင်းလွတ်ခွင့်နဲ့ အစီး ၃၇ဝ အတွက် တစ်စီးပျမ်းမျှ ကျပ်သိန်း ၄ဝဝဝ ကနေ ကျပ်သိန်း ၅ဝဝဝ ကြား နစ်နာတယ်ဆိုရင်တောင် အခွန်ငွေဟာ အမေရိကန် ဒေါ်လာနဲ့ဆို သန်း ၁၅ဝ ဝန်းကျင် ကနေ သန်း ၁၈၅ သန်းလောက်အထိ နစ်နာသွားတာပါ။

၆ဝ ရာခိုင်နှုန်းအခွန်လွတ်နဲ့ အစီးရေ ၇၄ဝ အတွက် တစ်စီးပျမ်းမျှ ကျပ်သိန်း ၁ဝဝဝ ကနေ ၁၅ဝဝ ကြား နစ်နာတယ် ဆိုရင်တောင် နိုင်ငံတော်က အခွန်ငွေ အမေရိကန်ဒေါ်လာနဲ့ဆို ၇၄ သန်းနဲ့ ၁၁၁ သန်းအထိ နစ်နာမှာဖြစ်လို့ နှစ်ခုပေါင်းဆိုရင် နိုင်ငံဟာ အခွန်ငွေ အမေရိကန် ဒေါ်လာ သန်း ၃ဝဝ နီးပါးလောက်အထိ နစ်နာသွားမှာပါ။

ငြိမ်းချမ်းရေး အဖွဲ့အစည်းတွေ တကယ်စီးနေတဲ့ကားတွေကို မှတ်ပုံတင် လုပ်ပေးလိုက်တာဆိုရင် အကြောင်းမဟုတ်ပေမယ့် အခုဝန် ကြီးဦးအောင်မင်းတို့ ခွင့်ပြုပေးလိုက်တဲ့ပါမစ်နဲ့ 9E/1000 ကျော် နံပါတ်တွေနဲ့ အမည်ပေါက်စီးနေတဲ့ သူတွေဟာ လွှတ်တော်အမတ်တွေ၊ ပြည်ထောင်စုဝန်ကြီးတချို့ရဲ့ မိသားစုဝင်တွေ၊ ခရိုနီလုပ်ငန်းရှင်တွေက စီးနေကြတာပါ။

တစ်ဖက်က ပြန်စဉ်းစားရင် လွှတ်တော်အမတ်တချို့၊ ခရိုနီနဲ့ ဝန်ကြီးသားသမီးတွေ အခုလို အခွန်လွတ်နဲ့စီးဖို့ လုပ်ပေးသလို ဖြစ်မနေဘူးလားလို့ မေးစရာကောင်းပါတယ်။

လွှတ်တော်ကို လိမ်ပြောမိခဲ့တာ မဟုတ်ဘူးဆိုရင်

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းအနေနဲ့ ပြည်ထောင်စုလွှတ်တော်ကို လာရောက်ရှင်းလင်း ပြောကြားတဲ့နေရာမှာ လွဲပြောတာ မဟုတ်ဘူး၊ လိမ်ပြောတာ မဟုတ်ဘူး၊ အမှန်အတိုင်း ပြောခဲ့တာဆိုရင် အခုလို အလွဲတွေကို ဘယ်လိုတာဝန်ယူ တာဝန်ခံ ဖြေရှင်းမလဲလို့ မေးစရာရှိလာပါတယ်။ သမ္မတရုံးဝန်ကြီးတစ်ဦးရဲ့ စကားကလွဲလို့ မရပါဘူး။ လိမ်ပြောမိတဲ့ သဘောလည်း သက်ရောက်နေလို့ မရပါဘူး။ အဲ့ဒီအတွက် မဖြစ်မနေရှင်းလင်းတာ ပိုပြီးကောင်းမယ်လို့ သုံးသပ်မိပါတယ်။

ဘာကြောင့်လဲဆိုတော့ နိုင်ငံက အခွန်ငွေ ဒေါ်လာသန်း ၃ဝဝ ဝန်းကျင်အထိ နစ်နာခဲ့တာလေ။

ဝန်ကြီးအလွဲတွေ ပြောခဲ့တာ မဟုတ်ဘူး ဝန်ကြီးပြောတာ အမှန်ဆိုရင်တော့ လက်လွှဲလက်ပြောင်းလုပ်ပြီး အမည်ပေါက်နဲ့စီးနေတဲ့ ကားတွေကို အရေးယူရပါမယ်။ ဒီကားတွေကို ဘယ်ပါမစ်နဲ့ သွင်းသလဲ၊ ဝန်ကြီးတို့ထုတ်ပေးတဲ့ ပါမစ်နဲ့ဆိုရင် အဲ့ဒီပါမစ် ဘယ်သူ့ဆီကရသလဲ၊ ကြားပွဲစားက ဘယ်သူလဲ၊ အခွန်ဘယ်လောက် နစ်နာသွားသလဲ စသဖြင့် စုံစမ်းဖော်ထုတ်ရမှာပါ။

တိုင်းပြည်က နစ်နာသွားတဲ့ အခွန်အရပ်ရပ်အတွက် အဲ့ဒီကားတွေစီးနေတဲ့ လွှတ်တော်အမတ်အချို့ရဲ့မိသားစုတွေ၊ လက်ရှိပြည်ထောင်စုဝန်ကြီး တချို့ရဲ့ မိသားစုတွေ၊ ခရိုနီတွေဆီကနေ အခွန်ပြန်ကောက်ပေးရမှာပါ။

အဲ့ဒီ ငြိမ်းချမ်းရေး ကားပါမစ်တွေကို လက်ဝယ်ကိုင်ထားပြီး ကားတင်သွင်း အရောင်းအဝယ် လုပ်နေတာတွေကိုလည်း ဖော်ထုတ်ရမှာပါပဲ။

ဒါက ဝန်ကြီးအလွဲတွေ ပြောခဲ့တာ မဟုတ်ဘူးဆိုမှပါ။ ဒါပေမဲ့ အဲ့ဒီလို ပြန်လည်ဆောင်ရွက်မှု မရှိဘူးဆိုရင်တော့ ပြည်ထောင်စုလွှတ်တော်ကို ဝန်ကြီးက အလွဲတွေ ပြောခဲ့တယ်လို့ သတ်မှတ်ကြမယ့်အပြင် အခုလို ကြားပွဲစားနဲ့ ဝယ်စီးကြတဲ့ လူတန်းစားတစ်စု သက်သာအောင် လက်ဝါးရိုက်ထားတယ်လို့ ထင်မြင်စရာ ရှိလာမှာဖြစ်ပါတယ်။

ငြိမ်းချမ်းရေး အဖွဲ့အစည်းတွေကို ကားပါမစ်ပေးတဲ့အထိက ဘာပြဿနာမှ မရှိပါဘူး။ ဒါပေမဲ့ အဲ့ဒီကားတွေကို ဝန်ကြီးပြောခဲ့သလို မဟုတ်ဘဲ နာမည်ပေါက်အထိ လုပ်လို့ရလာတာက အဓိကလွဲမှားမှုကြီးပါ။

နောက်တစ်ချက်က အတည်ပြုလို့ မရနိုင်သေးပေမယ့် ငြိမ်းချမ်းရေး ကားပါမစ်တွေဟာ အားလုံးငြိမ်းချမ်းရေး အဖွဲ့အစည်းတွေထံကို ရောက်တာမဟုတ်ပဲ ပြင်ပဈေးကွက်ထဲ ထုတ်ရောင်းတာတွေ ရှိတယ်လို့တောင် ပြောတာမျိုးရှိခဲ့တယ်။ ဟုတ်မဟုတ်ကတော့ မသေချာဘူး။ ဒါပေမဲ့ ဒါကလည်း အဲ့ဒီလိုဖြစ်စဉ် ရှိ မရှိ စုံစမ်းဖော်ထုတ် သင့်တာပါပဲ။

တကယ်လည်း ချုပ်လိုက်ရင် ငြိမ်းချမ်းရေး ကားပါမစ်ကိစ္စဟာ တိုင်းရင်းသား လက်နက်ကိုင်တွေလည်း ဘာမှမည်မည်ရရ မရခဲ့ဘူး၊ တိုင်းပြည်လည်း အခွန်နာ၊ တကယ်တော့ ကြားပွဲစားနဲ့ ဝယ်စီးနိုင်တဲ့ လူတန်းစားတစ်စုပဲ ကောင်းစားခဲ့တာပါ။

အခု ငြိမ်းချမ်းရေး အဖွဲ့အစည်းတွေလည်း မယ်မယ်ရရမရ၊ တိုင်းပြည်လည်း အခွန်ငွေ အမေရိကန်ဒေါ်လာ သန်း ၃ဝဝ လောက် နစ်နာခဲ့တယ်၊ နောက် ချထားပေးခဲ့တဲ့ ဝန်ကြီးဦးအောင်မင်းတို့ ပြောခဲ့တာနဲ့ မြေပြင်မှာ ဖြစ်နေတာကလည်း အလွဲကြီး လွဲနေတာဖြစ်လို့ ဒီဖြစ်စဉ်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကပဲဖြစ်ဖြစ် လွတ်လပ်တဲ့ အဖွဲ့အစည်းတစ်ရပ် ဖွဲ့ပြီးတော့ပဲဖြစ်ဖြစ် စစ်ဆေးသင့်တဲ့ ကိစ္စတစ်ရပ်အဖြစ် ရှိနေပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတို့ကြောင့် ဒေါ်လာသန်း ၃ဝဝ နစ်နာသွားတယ် ဆိုပေမယ့် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းအပြင် အခြားသော ပြည်ထောင်စုဝန်ကြီးတွေရဲ့ အခုလိုစီမံခန့်ခွဲမှု အမှားတွေကြောင့် အခြားကဏ္ဍတွေမှာပါ တိုင်းပြည်နစ်နာ ခဲ့ရပေါင်းလည်း များနေပါပြီ။

ဘယ်လိုပဲဖြစ်ဖြစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နောက်ကြောင်းပြန် မသက်ရောက်စေရဘူးလို့ ပြောထားတာက ၂ဝ၁ဝ အရှေ့ပိုင်းကို ပြောထားတာပါ။ ၂ဝ၁၁ ခုနှစ်နောက်ပိုင်း အစိုးရသစ်လက်ထက် မပါ ပါဘူး။ ၂ဝ၁ဝ အရှေ့ပိုင်းလို့ ဆိုတာတောင်မှ ဥပဒေမဲ့လုပ်ခဲ့ရင် အဲ့ဒီရှေ့ပိုင်းအထိ ပြန်သက်ရောက်ပါသေးတယ်။

အဲ့ဒီအတွက် ပြည်ထောင်စုဝန်ကြီးတွေဟာ ကိုယ်လုပ်ခဲ့တဲ့ စီမံခန့်ခွဲမှု အမှားတွေကြောင့် တိုင်းပြည်နစ်နာခဲ့တာ၊ ပြည်သူ့ဘဏ္ဍာ နစ်နာခဲ့တာရှိရင် ဘယ်အစိုးရ လက်ထက်ရောက်ရောက် လုပ်ခဲ့တဲ့စီမံခဲ့တဲ့သူတွေကပဲ တာဝန်ယူ၊ တာဝန်ခံ ဖြေရှင်းကြရမှာ ဖြစ်ပါတယ်။

တာဝန်ခံတယ်ဆိုတဲ့ နေရာမှာလည်း အေးဆေးပါပဲလို့ မထင်ပါနဲ့။ ကိုယ့်စီမံခန့်ခွဲမှုအမှားကြောင့် တစ်ချို့တိုင်းပြည် နစ်နာတာမျိုးအတွက် အဂတိမကင်းဘူးဆိုရင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ၊ အခြားသော ပြည်သူ့ဘဏ္ဍာ နစ်နာမှုမျိုးဆိုရင် သက်ဆိုင်ရာ တည်ဆဲဥပဒေ ကြောင်းအရပါ အရေးယူခံရနိုင်ပါတယ်။

နိုင်ငံတစ်နိုင်ငံမှာ သမ္မတရဲ့ စကားတည်တံ့မှု၊ ကတိတည်မှုဟာ အရေးကြီးပါတယ်။ ဒီလိုပဲ သမ္မတရုံးဝန်ကြီးတစ်ပါးရဲ့ စကားတည်တံ့မှု၊ မှန်ကန်မှုကလည်း အရေးကြီးပါတယ်။ အခုအတိုင်းဆိုရင် ဝန်ကြီးက လွဲပြောမိခဲ့တာလား၊ လိမ်ပြောမိခဲ့တာလား။ ဒါမှမဟုတ် ဘယ်သူတွေ မှားခဲ့တာလဲ။

Writer:
မာန်သူရှိန်

မဇ္ဈိမမီဒီယာ တရားစွဲဆိုမှု ရုတ်သိမ်းပေးဖို့ IPI တောင်းဆို

No comments

RFA

အင်တာနက်ဥပဒေကို ကျူးလွန်ဖောက်ဖျက်မှုနဲ့ မဇ္ဈိမမီဒီယာက အယ်ဒီတာ၂ ဦးနဲ့ သတင်းစာဆရာ စည်သူအောင်မြင့်တို့အပေါ် တရားစွဲဆိုထားတာကို ရုတ်သိမ်းပေးဖို့ သြစတြီးယားနိုင်ငံ ဗီယင်နာမြို့အခြေစိုက် စာနယ်ဇင်း လွတ်လပ်မှု စောင့်ကြည့်ရေးအဖွဲ့တခုဖြစ်တဲ့ နိုင်ငံတကာ စာနယ်ဇင်းသိပ္ပံ IPI ဒီကနေ့ တောင်းဆို လိုက်ပါတယ်။

မနှစ်က ဒီဇင်ဘာလက ဖော်ပြခဲ့တဲ့ စည်သူအောင်မြင့်ရေးသားတဲ့ "MPC သို့မဟုတ် မီဒီယာတစ်ချို့ရဲ့ ပုံဖျက်ခြင်း ခံရတဲ့ အဖွဲ့အစည်း" ခေါင်းစဉ်နဲ့ သတင်းသုံးသပ်ချက် ဆောင်းပါးကို ဖော်ပြခဲ့မှုနဲ့ ပြိုင်ဖက်သတင်းဌာနတခုဖြစ်တဲ့ Eleven Media Group ကနေ ဆောင်းပါးရှင်နဲ့တကွ မဇ္ဈိမ အယ်ဒီတာချုပ် ဦးစိုးမြင့်၊ မြန်မာပိုင်းတာဝန်ခံ အယ်ဒီတာ ဦးမျိုးသန့်တို့ကို အင်တာနက် ဆက်သွယ်ရေး ပုဒ်မနဲ့ တရားစွဲဆိုထားတာဖြစ်ပြီး ဒီအမှုလက်ခံဆုံးဖြတ်မယ်ဆိုရင် မြန်မာနိုင်ငံက သတင်းစာလွတ်လပ်ခွင့်အတွက် အန္တရာယ်ရှိတဲ့ ဆိုးကျိုးတွေဖြစ်လာနိုင်ကြောင်း IPI ကြေညာချက်မှာ ဖော်ပြထားပါတယ်။

Tuesday, June 28, 2016

Myanmar: Prosecutors should drop Mizzima ETL case

No comments
Article 19 Myanmar

“According to international law, allegations of defamation should be treated as a civil matter between two individuals who have the right to sue one another in a civil court. Treating defamation as a criminal matter in which the State gets involved, as in this case, under the Electronic Transactions Law, is disproportionate in a democracy,” said ARTICLE 19.

“We urge the new government to stand behind their commitment to democratisation and drop State support for this case against Mizzima staff, and ask the plaintiff to consider initiating a civil case instead.”

“Once in a civil court, according to international standards, the plaintiff must prove that Mizzima staff intentionally published knowingly untrue statements of fact, and provide evidence of measurable harm to Eleven Media Group.”

For more information on international standards relating to defamation, please see “Defining Defamation”.

Mizzima staff are being prosecuted under Article 34(d) of the Electronic Transactions Law (ETL), which states:
“Whoever commits any of the following acts shall, on conviction be punished with imprisonment for a term which may extend to 3 years or with a fine or both … (d) creating, modifying or altering of information or distributing of information created, modified or altered by electronic technology to be detrimental to the interest of or to lower the dignity of any organization or any person”.

The ETL falls significantly short of international standards as it includes no protection for freedom of expression, and instead has provisions that are both vague and unnecessary in a democracy.

For more information on comparing the ETL against international standards, please see “Background Paper on freedom of expression in Myanmar”.

IPI condemns prosecution of Myanmar journalists

No comments
The Jakarta Post| Tue, June 28 2016 | 02:23 pm

The International Press Institute (IPI) has called for the dismissal of charges against three Myanmar journalists from Mizzima Media accused of committing cyber-crime as it could set a dangerous precedent for the country's press freedom.

Three Mizzima Media journalists, columnist Sithu Aung Myint, editor-in-chief and managing director Soe Myint and the editor-in-charge of Mizzima's Myanmar edition Myo Thant, were charged for publishing a column on Dec. 31, 2015, criticizing its rival Eleven Media’s reporting of a government-backed organization’s involvement in peace negotiations between defense forces and an armed ethnic group on Dec. 31, 2015. In the column, Mizzima asserted that the coverage 'distorted' Eleven Media's image.

The three journalists could face fines of 5 million (US$4,259) to 10 million Kyats or one to three years in prison if convicted.

"The case appears to be an attempt to make an end run around Myanmar’s News Media Law, which is specifically intended to address this type of complaint," said IPI Director of Advocacy and Communications Steven M Ellis said in a statement on Monday urging prosecutors to drop the case before the next hearing, scheduled for July 7.

Cyber-crime provisions were aimed at preventing criminal abuse of new technologies, not targeting unwelcome speech, he said. The case could overturn the system carefully established to allow media outlets to perform their vital role as a public watchdog and thus could set a dangerous precedent if the case proceeded, he added.

Eleven Media Group chief reporter Marn Thu Shein filed a criminal complaint under the Electronic Transactions Law over the column by Sithu Aung Myint titled “MPC or an organization distorted by some media” published in Mizzima's online edition.

Mizzima argued that the column was not acceptable as it only expressed the author’s opinion and did not identify Marn Thu Shein by name. Mizzima regretted that the complaint was made to the police instead of the Myanmar Press Council, which is assigned to mediate disputes before a case is referred to court, according to the statement. (rin)

Monday, June 27, 2016

မဇ္ဈိမကို အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေဖြင့် တရားစွဲထားခြင်းကို ရုပ်သိမ်းရန် IPI တိုက်တွန်း

No comments
International Press Institute

အတွေးအမြင်ဆောင်းပါးတစ်ပုဒ်ကြောင့် အွန်လိုင်း မဇ္ဈိမ မီဒီယာ အား ပြိုင်ဖက်မီဒီယာတစ်ခုက အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေဖြင့် တရားစွဲဆိုထားခြင်းသည် နောက်ပိုင်းတရားစီရင်ရေးများအတွက် အန္တရာယ်ဖြစ်စေမည့် စီရင်ထုံးဖြစ်လာနိုင်ပြီး ချက်ချင်း အမှုပိတ်သင့်ကြောင်း နိုင်ငံတကာမီဒီယာအင်စတီကျု IPI က ပြောသည်။

မဇ္ဈိမ အွန်လိုင်းနှင့် ဒစ်ဂျစ်တယ်သတင်းစာတွင် ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်က ဖော်ပြခဲ့သည့် ဆောင်းပါးရှင် ဦးစည်သူအောင်မြင့်၏ “MPC သို့မဟုတ် မီဒီယာ တစ်ချို့ရဲ့ ပုံဖျက်ခြင်းခံရတဲ့ အဖွဲ့အစည်း”ဆောင်းပါးနှင့် ပတ်သက်၍ ဦးမာန်သူရှိန်က ပုဇွန်တောင်ရဲစခန်းတွင် တိုင်ကြားခဲ့ခြင်းကို ရဲစခန်းမှ ဆက်သွယ်ရေးဥပဒေပုဒ်မ ၃၄(ဃ)ဖြင့် အမှုဖွင့်ကာ တရားစွဲဆိုထားခြင်းဖြစ်ပြီး ဇွန် ၂၃ ရက်က အမှုကို တရားရုံးတင်ကာ ထိုနေ့တွင်ပင် အာမခံပေးလိုက်ခြင်းဖြစ်သည်။

ဆက်သွယ်ရေးဥပဒေပုဒ်မ ၃၄(ဃ)သည် အမှုစီရင်ချက်ချခံရပါက ဒဏ်ငွေ ကျပ်ငါးသန်းမှ ဆယ်သန်းနှင့် ဒဏ်ငွေမပေးဆောင်နိုင်ပါက ထောင်ဒဏ် တစ်နှစ်မှ သုံးနှစ်အထိ ကျခံရနိုင်သည့် ပုဒ်မဖြစ်သည်။

ယင်းအမှုသည် မြန်မာ့သတင်းမီဒီယာဥပဒေသစ် ကို အသုံးမချဘဲ ရှောင်လွှဲရန် ကြိုးပမ်းမှုတစ်ရပ် ဖြစ်ဖွယ်ရှိကြောင်း ဇူလိုင် ၇ ရက်တွင် နောက်ထပ်ကြားနာမှုမလုပ်ခင် အစိုးရရှေ့နေများအနေဖြင့် အမှုကို ပယ်ဖျက်သင့်ကြောင်း IPI မှ တရားရေးနှင့် ဆက်သွယ်ရေးဒါရိုက်တာ Steven M.Ellis က ပြောသည်။

“ဆိုက်ဘာရာဇဝတ်မှုစည်းကမ်းချက်ဆိုတာ နည်းပညာသစ်အလွဲသုံးစားလုပ်ခြင်းတွေကို တားဆီးဖို့ ရည်ရွယ်ပြဌာန်းတာဖြစ်ပါတယ်။ မနှစ်သက်တဲ့ ရေးသားပြောဆိုမှုတွေကို ပစ်မှတ်ထားတာမျိုး မဖြစ်ရပါဘူး”ဟု ၎င်းက ပြောသည်။

Myanmar journalists accused of cyber-crime over op-ed

No comments
IPI says case over criticism of rival media’s coverage risks ‘dangerous precedent’

Jun 27, 2016
Mizzima Media Editor-in-Chief and Managing Director Soe Myint speaks during the IPI World Congress in Doha, Qatar on March 21, 2016. Photo: Al Jazeera Media Network

A case alleging that Myanmar news outlet Mizzima Media committed a cyber-crime by publishing a column online criticising a rival media outlet’s reporting risks setting a dangerous precedent and should be dismissed immediately, the International Press Institute (IPI) said today.

A Mizzima columnist and two editors were granted bail on Thursday after prosecutors moved forward with a case targeting Mizzima over a Dec. 31, 2015 column asserting that Eleven Media’s coverage of a government-backed organisation involved in peace negotiations between defence forces and armed ethnic groups “distorted” the organisation’s image.

If convicted, columnist Sithu Aung Myint, Mizzima Editor-in-Chief and Managing Director Soe Myint and the editor-in-charge of Mizzima’s Myanmar edition, Myo Thant, face fines of 5 million to 10 million Kyats (approx. €3,850 to €7,700) and one to three years* behind bars if they are unable to pay.

They are charged under a law that prohibits “creating, modifying or altering of information or distributing of information created, modified or altered by electronic technology to be detrimental to the interest of or to lower the dignity of any organization or any person”.

IPI Director of Advocacy and Communications Steven M. Ellis said the case “appears to be an attempt to make an end run around Myanmar’s News Media Law, which is specifically intended to address this type of complaint”. He urged prosecutors to drop the case before the next hearing, scheduled for July 7.

“This is the wrong law and the wrong venue,” he said. “Cyber-crime provisions are intended to prevent criminal abuse of new technologies, not target unwelcome speech. Allowing the latter, an increasing trend in a number of countries, upends systems carefully calibrated to allow media outlets to continue performing their vital public watchdog role while sill allowing grievances against those outlets to be heard. This criminal case, if it goes forward, risks setting a dangerous precedent.”

Eleven Media Group Chief Reporter Marn Thu Shein filed a criminal complaint under the Electronic Transactions Law over a column by Sithu Aung Myint titled “MPC or an organization distorted by some media”. Published in Mizzima’s online edition, the piece referred to accusations reported by Eleven Media against the Myanmar Peace Center, which was dissolved in March.

Mizzima maintains that the column at issue is not actionable because it merely expressed the author’s opinion and did not identify Marn Thu Shein by name. The outlet also argues that Myanmar’s News Media Law governs in cases of alleged defamation by licensed media outlets. According to Mizzima, the complaint should first have gone before the country’s Press Council, which is empowered to mediate disputes between parties before they are referred to court.

Instead, police referred the matter to the Ministry of Transport, which authorised the criminal case. If the case proceeds under the Electronic Transactions Law, Mizzima argues, “this will seriously undermine the role of the Myanmar Press Council” and its ability to function as intended. It would also deny Mizzima protections it argues it should enjoy for having complied with the News Media Law.

The case targeting Sithu Aung Myint is reportedly the 10th legal case by Eleven Media against the columnist in recent years. The outlet withdrew from the Press Council last year before it began operating citing concerns over whether the Council was sufficiently independent from the government.

In a recent statement, Marn Thu Shein said that Sithu Aung Myint “wrote such articles many times and we could not lodge a complaint to any organisation so as a last resort we had to a file case against them with the police”. The Eleven Media reporter continued: “We have no intention to cause them any grievance. We filed this case in defence of our media outlet and to remedy our grievances because he wrote articles based on wrong facts causing misunderstanding and [the reader to be] misled.”

*A previous version of this statement indicated that they faced up to five years in prison. However, that erroneously referred to a previous version of the law.

Sunday, June 26, 2016

MPC or an organization distorted by some media

No comments
By Sithu Aung Myint
Caption – Union Peace Working Committee (UPWC) and Ethnic Armed Organization’s Senior Delegation (SD) of the Nationwide Ceasefire Coordination Committee (NCCT) hold their 8th meeting on July 22, 2015. (Photo - Thet Ko)
If we have to show an organization which will end up with controversy in late 2015, it could be none other than the Myanmar Peace Centre (MPC) which was established by Vice-Chairman of the UPWC and Union Minister U Aung Min. Some wish to abolish this organization when the new government led by NLD assumes office soon and this peace negotiation work will be led by Aung San Suu Kyi herself. But at the meeting between NLD officials led by Aung San Suu Kyi with MPC officials, the NLD officials said that they would not abolish this MPC but they would reassess and sum up the work done by the MPC. Let us discuss here about the MPC which energetically worked for peace but its image was distorted by some media.

The MPC was established in November 2012 and it was led by Minister U Aung Min and currently it has over 100 staff. The performance of the MPC can be known if you look at its achievements in negotiating ceasefire and peace building work among the government, Tatmadaw (defence services) and ethnic armed organizations (EAOs).

On the other hand, the MPC was accused of being a biased organization in favour of the government, no transparency in using funds donated by international organizations, drawing a huge amount of this fund as salaries by MPC members, irregularities in issuing car permits to EAOs, driving a wedge among EAOs and creating dissension among them, etc.  The Eleven Media, in which Dr. Than Htut Aung is the CEO, even made a severe accusation against MPC as follows: “There are some analyses on the MPC as having similarities of working styles and operating procedures with the now defunct Directorate of Military Intelligence (MI) led by former Gen. Khin Nyunt and abolished in 2004.” It compared the MPC with MI which was notorious in Burmese political history for their brutality.

On accusations of non-transparency in using international funds given by EU countries and drawing salaries from this fund, MPC officials explained that they did no wrongdoing and there were no irregularities as their funds were periodically audited by the EU with their certified auditors. In fact there are many more organizations which are receiving funds from international donors. It is not unusual. But none of them are questioned by anyone like the MPC. If some media have suspicions about the misusing and misappropriation of funds in the MPC, they should try to approach their international donors directly and they can ask for the accounts and books to be checked. But unilateral accusing the MPC without investigation is just trying to distort of the MPC’s image.

In the car permit cases too, the EAOs complained of having difficulties in coming to towns as their cars did not have licenses (vehicle registrations). At the time of the MI led by Gen. Khin Nyunt, their cars were allowed to run on roads with the sticker of their organizations. These unofficial licenses were issued under the authority of MI. But at the time of the U Aung Min's MPC working for peace, the MPC gave official vehicle registrations to these cars used by EAOs. Some of them were issued vehicle registration and license plates without paying customs duty and commercial tax and some of them were issued license plates by paying 50 percent of these taxes. All of these EAOs accepted this privilege willingly and happily. But in the open market, some of these permits were sold by some of these EAOs for raising funds. And then some media wrongly accused by claiming the losing of a huge amount of revenue from the country’s coffers [in the issuing of these car permits] because of the MPC’s wrong policy.

In fact no one can deny the consistent efforts made by the MPC and Minister U Aung Min for peace building and its performance and achievements. Minister U Aung Min and MPC could convince EAOs to enter political dialogue while holding their arms in their hands by signing the ceasefire agreement first. And also U Aung Min and the MPC could create unprecedented opportunity for these EAOs to sit together and discuss together for peace and the ceasefire agreement by giving required assistance to them. In this way we have finally got this historical Nationwide Ceasefire Agreement (NCA) which is unanimously accepted and agreed by all ethnic armed nationalities and organizations.

But the MPC and Union Minister U Aung Min have some failures in their efforts too. The most important point is not having all-inclusiveness in signing the NCA and the consequent political dialogues along with some other consequent problems. The main purpose and function of the MPC in that three-year period is playing the role of intermediary between the EAOs and the Tatmadaw in the peace negotiations. They could do nothing if the Tatmadaw and the EAOs disagreed. Moreover, sometimes the MPC was blamed and received complaints from both sides especially when the war broke out again in Kokang, when Rakhine armed group could gain foothold in Rakhine State, when Ta'ang Palaung armed group active again during this 3-year period of peace dialogue.

In drawing a conclusion for this 3-year period of the MPC, the media coverage of its efforts and achievements are not covered and reported enough but they were overshadowed by its weaknesses and unilateral wrongful accusations so that they were misunderstood by the people. This could be done because of some media taking advantage of the prejudices and hatred against the government by the people. And I’d like to opine that it may also be because of jealousy of some diaspora Myanmar intellectual members in the MPC.

Friday, June 24, 2016

“MPC သို့မဟုတ် မီဒီယာတစ်ချို့ရဲ့ ပုံဖျက်ခြင်း ခံရတဲ့ အဖွဲ့အစည်း”

No comments

စည်သူအောင်မြင့်
12/31/2015

၂၀၁၅ ခုနှစ်ကုန်ခါနီးမှာ အငြင်းပွားမှုတွေနဲ့ အဆုံးသတ်တော့မယ့် အဖွဲ့အစည်းကို ပြပါဆိုရင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ ဝန်ကြီးဦးအောင်မင်း တည်ထောင်ထားတဲ့ Myanmar Peace Centre (MPC) မြန်မာ ငြိမ်းချမ်းရေးစင်တာပဲ ဖြစ်ပါတယ်။ သိပ်မကြာခင် အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရအဖွဲ့ တက်လာတော့မယ့်ကာလ၊ ငြိမ်းချမ်းရေးလုပ်ငန်းတွေမှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင် ပါဝင်သွားမယ်ဆိုတဲ့ အခြေအနေအောက်မှာ တစ်ချို့ကတော့ MPC ကို ဖျက်သိမ်းစေချင်ကြပါတယ်။ MPC တာဝန်ရှိသူတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တာဝန်ရှိသူတွေ တွေ့ဆုံကြရာမှာတော့ MPC ကို ဖျက်သိမ်းမှာ မဟုတ်ဘူး၊ MPC နဲ့ MPC ရဲ့ လုပ်ငန်းကိုင်ငန်းတွေကိုတော့ ပြန်လည်သုံးသပ်သွားမှာ ဖြစ်တယ်လို့ ပြောဆိုခဲ့ကြပါတယ်။ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် အားကြိုးမာန်တက် လုပ်ခဲ့သလောက် မီဒီယာတစ်ချို့ရဲ့ ပုံဖျက်မIကြောင့် အဆိုးမြင်ခံရတဲ့ MPC အကြောင်း ပြောဆို ဆွေးနွေးကြည့်ကြရအောင်ပါ။

MPC ကို ၂၀၁၂ နိုဝင်ဘာမှာ စတည်ထောင်ပြီး ဝန်ကြီး ဦးအောင်မင်းက ဦးဆောင်ပါတယ်။ လက်ရှိ ဝန်ထမ်း ၁၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။ MPC ရဲ့ လုပ်ကိုင် ဆောင်ရွက်နိုင်မှုတွေဟာ ဒီကနေ့ အစိုးရ၊ တပ်မတော်နဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေရဲ့ အပစ်အခတ် ရပ်စဲနိုင်ရေး၊ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေး စတာတွေကို ကြည့်ရင် သိနိုင်ပါတယ်။ ဒီအောင်မြင်မှု၊ မအောင်မြင်မှုတွေဟာ MPC ရဲ့ အောင်မြင်မှု မအောင်မြင်မှုတွေပါပဲ။

အခြားတစ်ဖက်မှာတော့ MPC ဟာ အစိုးရဘက် လိုက်တဲ့ အဖွဲ့အစည်း ဖြစ်တယ်၊ နိုင်ငံတကာက ထောက်ပံ့ငွေတွေ၊ အဖွဲ့အစည်းရဲ့ အသုံးစားရိတ်တွေနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှု မရှိဘူး၊ အဲဒီမှာ လုပ်တဲ့သူတွေဟာ လစာကို အများကြီး ယူကြတယ်၊ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေကို ကားပါမစ် ပေးတာမျိုး မမှန်မကန် လုပ်ခဲ့တယ်၊ တိုင်းရင်းသားတွေကို သဘောထား ကွဲပြားအောင်လုပ်တယ် စတဲ့ စွပ်စွဲချက်တွေဖြစ်ပြီး ဒေါက်တာ သန်းထွဋ်အောင် စီအီးအိုအဖြစ် ဆောင်ရွက်တဲ့ အလဲဗင်း မီဒီယာကဆိုရင် MPC ကို ခုလိုတောင် ပြင်းပြင်းထန်ထန် စွပ်စွဲပါတယ်။ “ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့် ဦးဆောင်ခဲ့ပြီး ၂၀၀၄ ခုနှစ်က ပြိုလဲသွားခဲ့သည့် ကကလှမ်း (တပ်မတော် ထောက်လှမ်းရေး) အဖွဲ့နှင့် MPC ကို နှိုင်းယှဉ် သတ်မှတ်မှုများရှိခဲ့ပြီး ၎င်းတို့၏ လုပ်ဆောင်မှုများသည် ကကလှမ်း၏ လုပ်ကိုင်ပုံများနှင့် တူညီကြောင်း သုံးသပ်မှုများ ရှိခဲ့သည်” လို့ စွပ်စွဲပါတယ်။ MPC ကို မြန်မာ့နိုင်ငံရေး သမိုင်းမှာ အလွန့်အလွန် ဆိုးရွားရက်စက် ရွံရှာစက်ဆုတ်စရာကောင်းတဲ့ စစ်ထောက်လှမ်းရေးအဖွဲ့နဲ့ ခိုင်းနှိုင်းလိုက်တာပါ။

အဲဒီလို စွပ်စွဲမှုတွေထဲက နိုင်ငံတကာ ထောက်ပံ့ငွေ၊ အသုံးစာရိတ်၊ လစာ စသဖြင့် ပွင့်လင်းမြင်သာမှု မရှိဘူးဆိုတာနဲ့ ပတ်သက်လို့ကတော့ MPC ကို ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေက ထောက်ပံ့တာဖြစ်လေတော့ သူတို့ စာရင်းစစ်တွေနဲ့ သူတို့ရှိပြီး စနစ်တကျ လုပ်ကိုင်တယ်၊ မမှန်မကန် ဘာမှ လုပ်မထားဘူးလို့ MPC တာဝန်ရှိသူတွေဘက်က ဖြေရှင်းကြပါတယ်။ တကယ်တော့လည်း မြန်မာနိုင်ငံမှာ MPC လို နိုင်ငံတကာက ထောက်ပံ့တဲ့ အဖွဲ့အစည်း အများကြီး ရှိကြပါတယ်။ သိပ်ထူးခြားတာမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဘယ်အဖွဲ့အစည်းကမှ MPC လို မေးခွန်းထုတ် မခံရပါဘူး။ တကယ့်တကယ် တစ်ချို့သော မီဒီယာတွေအနေနဲ့ ဒီကိစ္စ သံသယရှိတယ်ဆိုရင် မူရင်း ထောက်ပံ့ငွေပေးတဲ့ နိုင်ငံအဖွဲ့အစည်းတွေဆီ ချဉ်းကပ်ပြီး စာရင်းဇယားတွေ တောင်းယူ ကြည့်ရှုခွင့်ရ ဖို့ ကြိုးစားသင့်ပါတယ်။ ဒါပေမယ့် အဲလို မကြိုးစားပဲ တစ်ဖက်သတ် စွပ်စွဲ ပုတ်ခတ်နေတာကတော့ MPC ကို ပုံဖျက်ဖို့ ကြိုးစားတာနဲ့ အတူတူပါပဲ။

ကားကိစ္စလည်း ဒီလိုပါပဲ။ လက်နက်ကိုင် တိုင်းရင်းသားတွေနဲ့ စကားပြောဖို့ စလိုက်တဲ့အခါတိုင်း သူတို့တွေ မြို့ပေါ်ကို လာရတာ ခက်တယ်။ သူတို့ ကားတွေမှာ လိုင်စင်မရှိဘူး ဆိုကြပါတယ်။ အရင် ဗိုလ်ချုပ် ခင်ညွန့်ဦးဆောင်တဲ့ စစ်ထောက်လှမ်းရေး ခေတ်တုန်းကတော့ အဲဒီကားတွေကို သက်ဆိုင်ရာ တပ်ဖွဲ့ တံဆိပ်ကပ်ပေးပြီး ထောက်လှမ်းရေးက တရားမဝင် စီးခွင့်ပေးခဲ့တာပါ။ ဦးအောင်မင်းနဲ့ MPC ငြိမ်းချမ်းရေး လုပ်တဲ့အခါမှာတော့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေရဲ့ သူတို့ပိုင် ကားတွေကို အစိုးရဆီမှာ တရားဝင် မှတ်ပုံတင်လုပ်ဖို့ ခွင့်ပြုပေးလိုက်ပါတယ်။ ကိုယ်စီးတဲ့ ကား၊ သုံးတဲ့ကား ယူလာ၊ မှတ်ပုံတင်ကြ၊ တစ်ချို့ အခွန်လွတ်၊ တစ်ချို့ အခွန်တစ်ဝက်နဲ့ ခွင့်ပြုပေးခဲ့တာပါ။ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အားလုံးကလည်း ဒီ တရားဝင်လုပ်ပေးတဲ့ အခွင့်အရေးကို လိုလိုချင်ချင် လက်ခံယူခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဈေးကွက်မှာ ဖြစ်ပျက်နေတဲ့ အခြေအနေအရ အဲဒီ မှတ်ပုံတင်ခွင့်ပြုမှုတွေဟာ ရောင်းစားလို့ရတဲ့ ပါမစ်တွေ ဖြစ်သွားခဲ့ပြီး တိုင်းရင်းသားအဖွဲ့တွေက ပြန်ရောင်း၊ ရံပုံငွေရှာတာမျိုး ဖြစ်ခဲ့ပါတယ်။ ဒါကိုပဲ တစ်ချို့ မီဒီယာတွေက တိုင်းပြည်အတွက် ဒေါ်လာသန်း ဘယ်လောက် နစ်နာသွားပြီ၊ ဒါဟာ MPC က မမှန်မကန် လုပ်လို့ဆိုပြီး ကိုယ့်ဖာသာ ဖန်တီးထားတဲ့ ကိန်းဂဏန်းတွေနဲ့ မမှန်မကန် စွပ်စွဲကြတာ ဖြစ်ပါတယ်။

တကယ်တော့ ဝန်ကြီးဦးအောင်မင်းနဲ့ MPC ဟာ ငြိမ်းချမ်းရေးအတွက် တစ်စိုက်မတ်မတ် ကြိုးစားခဲ့တယ်ဆိုတာကိုတော့ မှတ်တမ်းမှတ်ရာတွေအရရော၊ ထွက်ပေါ်လာတဲ့ အကျိုးရလာဒ်တွေအရပါ ဘယ်လိုမှ မငြင်းနိုင်ပါဘူး။ လက်နက်ကိုင် တိုင်းရင်းသားတွေကို ကိုယ့်လက်နက် ကိုယ်ကိုင်ထား၊ အပစ်ရပ်၊ ပြီးရင် နိုင်ငံရေး ဆွေးနွေးကြရအောင်ဆိုတဲ့ သဘောထားကို ကျအောင် လုပ်တာဟာ ဦးအောင်မင်းနဲ့ MPC ဖြစ်ပါတယ်။ အပစ်ရပ်စာချုပ် တစ်ခုရဖို့အတွက် လက်နက်ကိုင် တိုင်းရင်းသားတွေ စုဖွဲ့လို့ရအောင် ဘယ်ခေတ် ဘယ်အခါကနဲ့မှမတူ စုဖွဲ့ဖို့ အခြေအနေ အခွင့်အရေး ဖန်တီးပေး၊ အကူအညီပေးတာမျိုး လုပ်ခဲ့တာကလည်း ဝန်ကြီးဦးအောင်မင်းနဲ့ MPC ပါပဲ။ ဒါကြောင့်လည်း နောက်ဆုံး လက်နက်ကိုင် တိုင်းရင်းသားအားလုံးက သဘောတူ လက်ခံတဲ့ သမိုင်းဝင် တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ်စာချုပ်ကြီး NCA ကို ရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒါပေမယ့်လည်း MPC နဲ့ ဦးအောင်မင်းတို့ မစွမ်းဆောင်နိုင်ခဲ့တဲ့ အချက်၊ မအောင်မြင်တဲ့ အချက်တွေလည်း ရှိခဲ့ပါတယ်။ အဓိက အရေးအကြီးဆုံးကတော့ NCA ကို လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေ စုံစုံညီညီ ပါဝင် လက်မှတ်ရေးထိုးနိုင်ခြင်း မရှိတာပါ။ တစ်ဆက်တည်း NCA စာချုပ်အရ နောက်ပိုင်း အကောင်အထည်ဖော်တဲ့ နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ ကိစ္စတွေမှာ အားလုံးပါဝင်နိုင်ခွင့် မရှိခြင်းနဲ့ ပေါ်ပေါက်လာတဲ့ နောက်ဆက်တွဲ ပြဿနာတွေပါ။ တကယ်တော့ ၃ နှစ်တာကာလ MPC ရဲ့ ကြိုးစားမှုတွေဟာ တကယ့်အနှစ်သာရအရ တပ်မတော်နဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေအကြား ညှိနှိုင်းပေးရတဲ့ အလုပ်က အဓိက ဖြစ်ခဲ့ပါတယ်။ နှစ်ဖက် သဘောမတူတာတွေကို သူတို့ ဘာမှ လုပ်လို့ မရပါဘူး။ ဒီကြားထဲ တပ်မတော်ဘက်ကရော၊ လက်နက်ကိုင် တိုင်းရင်းသားတွေဘက်ကပါ အပြစ်တင်တာ၊ အပြစ်မြင်တာလည်း ခံရပါသေးတယ်။ အထူးသဖြင့် တပ်မတော်ဘက်ကဆိုရင် MPC က ငြိမ်းချမ်းရေးကိစ္စတွေ ဆောင်ရွက်နေတဲ့ သုံးနှစ်တာကာလ တစ်လျောက် ကိုးကန့်တိုက်ပွဲတွေ ပြန်ပေါ်လာတာ၊ ရခိုင်ပြည်နယ်ဘက်မှာ ရခိုင်လက်နက်ကိုင်တွေ ခြေချလာနိုင်တာ၊ တအဲန်းပလောင်တပ်ဖွဲ့ ပြန်လှုပ်ရှားနိုင်တာနဲ့ အခြား ကိစ္စတွေ ဖြစ်ပါတယ်။

၃ နှစ်တာကာလကို နိဂုံးချုပ်လိုက်ရင် တကယ့်တကယ် MPC က လုပ်ခဲ့ကိုင်ခဲ့တဲ့ လုပ်ငန်းတွေဟာ မီဒီယာစာမျက်နှာတွေမှာ သိပ်မပေါ်လွင်ပဲ အားနည်းချက်တွေ၊ တစ်ဖက်သတ် မဟုတ်မမှန် စွပ်စွဲခံရတာတွေကပဲ ဖုံးလွှမ်းခဲ့ပြီး ပြည်သူလူထုရဲ့ အထင်အမြင်လွဲခြင်းကိုလည်း ခံခဲ့ရပါတယ်။ ဒီလိုဖြစ်ရတာဟာ ပြည်သူတွေအနေနဲ့ နဂိုကတည်းက အစိုးရကို မုန်းတီးရင်းစွဲ ရှိနေတာကို မီဒီယာတစ်ချို့က အခွင့်ကောင်းယူ စွပ်စွဲခဲ့တာ၊ MPC မှာ ပါဝင်ခဲ့သူ အဝေးရောက် မြန်မာပညာတတ်တစ်ချို့ကို မနာလိုဖြစ်တာ စတာတွေကြောင့် ဖြစ်နိုင်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

Update: 23 June 2016

No comments
Pazundaung Township Magistrate Myint Kyaw gave bail to columnist Sithu Aung Myint, Mizzima Editor-in-Chief and Managing Director Soe Myint and Mizzima Editor-in-Charge of Myanmar edition Myo Thant on personal bond in a case filed by Eleven Media Group Chief Reporter Mann Thu Shein.

Chief Reporter Mann Thu Shein registered a case against columnist Sithu Aung Myint at Pazundaung Police Station for his article ‘MPC or an organisation whose image distorted by some media’ which appeared in Mizzima online and in the digital newspaper edition on December 31, 2015. The columnist and editors were charged under Section 34(d) of the Electronic Communications Law and the court heard the case on June 23 where bail was given.

Eleven Media Group Chief Reporter Mann Thu Shein said: “We have filed a case against columnist Sithu Aung Myint in the past too. He wrote such articles many times and we could not lodge a complaint to any organisation so as a last resort we had to a file case against them with the police. We have no intention to cause them any grievance. We filed this case in defence of our media outlet and to remedy our grievances because he wrote articles based on wrong facts causing misunderstanding and [the reader to be] misled.”

Mizzima Media issued a press release on June 22 in which it said the article “MPC or an organization whose image distorted by some media” written by columnist Sithu Aung Myint did not mention and refer to any media or any individual and did not mention the name of the complainant Mann Thu Shein so the allegations and case are baseless and should be withdrawn.

Mizzima Media Myanmar edition Editor-in-Charge Myo Thant said: “Charging us in the case under sections of the Electronic Communications Law which is not concerned with the Media is totally wrong in a legal sense and it is contrary to the provisions of the Media Law.”

Moreover, instead of settling this case through the Press Council by registering the case at a police station it deprives Mizzima Media of its protection under the Media Law, he added.

“Charging us through a police station which has resulted in a trial has caused a grievance for Mizzima Media and all the accused in this case,” he went on.

The next hearing of the case is fixed for July 7.

အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေ

No comments

သတင်းမီဒီယာဥပဒေ

No comments

Thursday, June 23, 2016

ဆောင်းပါးရှင် ဦးစည်သူအောင်မြင့်နှင့် မဇ္ဈိမမီဒီယာမှ တာဝန်ရှိသူနှစ်ဦး ကိုယ်တိုင်ခံဝန်ဖြင့် အာမခံရ

No comments
မဇ္ဈိမ

ဆောင်းပါးရှင် ဦးစည်သူအောင်မြင့် နှင့် မဇ္ဈိမမီဒီယာ၏ အယ်ဒီတာချုပ် နှင့် စီမံခန့်ခွဲရေးဒါရိုက်တာ ဦးစိုးမြင့်၊ မြန်မာပိုင်းတာဝန်ခံအယ်ဒီတာ ဦးမျိုးသန့်တို့အား Eleven Media Group ၏ သတင်းထောက်ချုပ် ဦးမာန်သူရှိန်က တရားလိုပြုကာ တရားစွဲဆိုထားမှုအတွက် ပုဇွန်တောင်မြို့နယ် တရားသူကြီး ဦးမြင့်ကျော်က တရားစွဲဆိုခံရသူ သုံးဦးကို ကိုယ်တိုင်ခံဝန်ဖြင့် အာမခံပေးလိုက်သည်။

မဇ္ဈိမ အွန်လိုင်းနှင့် ဒစ်ဂျစ်တယ်သတင်းစာတွင် ၂၀၁၅ခုနှစ် ဒီဇင်ဘာ ၃၁ရက်က ဖော်ပြခဲ့သည့် ဆောင်းပါးရှင် ဦးစည်သူအောင်မြင့်၏ "MPC သို့မဟုတ် မီဒီယာ တစ်ချို့ရဲ့ ပုံဖျက်ခြင်းခံရတဲ့အဖွဲ့အစည်း" ဆောင်းပါးနှင့် ပတ်သက်၍ ဦးမာန်သူရှိန်က ပုဇွန်တောင် ရဲစခန်းတွင် တိုင်ကြားခဲ့ခြင်းကို ရဲစခန်းမှ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၃၄(ဃ)ဖြင့် အမှုဖွင့်ကာ တရားစွဲဆိုထားခြင်းဖြစ်ပြီး ဇွန် ၂၃ရက်က အမှုကို တရားရုံးတင်ကာ ထိုနေ့တွင် အာမခံပေးလိုက်ခြင်း ဖြစ်သည်။

တရားစွဲဆိုခြင်းနှင့် ပတ်သက်၍ တရားလို Eleven Media Group ၏ သတင်းထောက်ချုပ် ဦးမာန်သူရှိန်က
"ဆောင်းပါးရှင် ဦးစည်သူအောင်မြင့်ကို အရင်လည်း အဲ့လိုစွဲဖူးတယ်။ သူက အကြိမ်ကြိမ်ရေးလာတယ်။ ရေးလာတဲ့အတွက် ကျွန်တော်တို့က ဘယ်မှ ဘယ်အဖွဲ့အစည်းမှ သွားလို့ မရတော့ဘူး။ အကြိမ်ကြိမ်ရေးနေတဲ့ အတွက် နောက်ဆုံး ရဲစခန်းမှာ အမှုဖွင့်ပြီး တရားစွဲဆိုရတဲ့ အဆင့်ရောက်တာပါ။ ကျွန်တော်တို့က နစ်နာစေလိုတဲ့ ဆန္ဒနဲ့ စွဲတာမဟုတ်ဘူး။ ကျွန်တော်တို့ သတင်းစာဂျာနယ်တွေကို အချက်အလက်မမှန်ဘဲနဲ့ ရေးတယ်ဆိုပြီး ထင်ယောင်ထင်မှား ဖြစ်အောင် ရေးတဲ့အပေါ်မှာ ကျွန်တော်တို့ကိုယ်ကျွန်တော်တို့ နစ်နာလို့ ကာကွယ်တဲ့ အနေနဲ့ စွဲတာပဲ ဖြစ်တယ်။" ဟု မဇ္ဈိမကို ပြောသည်။

ဆောင်းပါးရှင် ဦးစည်သူအောင်မြင့် ရေးသားခဲ့သည့် အဆိုပါ " MPC သို့မဟုတ် မီဒီယာ တစ်ချို့ရဲ့ ပုံဖျက်ခြင်း ခံရတဲ့အဖွဲ့အစည်း" ဆောင်းပါးသည် တစ်စုံတစ်ခုသော မီဒီယာ သို့မဟုတ် လူပုဂ္ဂိုလ် တစ်ဦးဦးအား ရည်ညွှန်းစွပ်စွဲထားခြင်း မရှိသည့်အတွက် ဖော်ပြခဲ့ခြင်းဖြစ်ပြီး ဆောင်းပါးထဲတွင် တိုင်ကြားသူ ဦးမာန်သူရှိန်၏ အမည်နာမတစ်စုံ တစ်ခုမှ မပါဝင်သည့်အတွက် ယင်းတရားစွဲဆိုတိုင်းကြားမှုသည် အခြေအမြစ်မရှိသောကြောင့် သက်ဆိုင်ရာ အာဏာပိုင်များမှ တိုင်ကြားမှုအား ယခုအဆင့်တွင် ပယ်ဖျက်သင့်ကြောင်း မဇ္ဈိမမီဒီယာက ဇွန်လ ၂၂ရက်က သဘောထားကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။

"မီဒီယာလုပ်ငန်းနှင့် မသက်ဆိုင်သည့် အီလက်တရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မဖြင့် တရားစွဲဆိုထားခြင်းသည် တရားဥပဒေကြောင်းအရ လွဲမှားနေရုံသာမက တည်ဆဲ သတင်းမီဒီယာဥပဒေပါ ပြဌာန်းချက်များနှင့်လည်း ဆန့်ကျင်နေပါတယ်" ဟု မဇ္ဈိမမီဒီယာ၏ မြန်မာပိုင်း တာဝန်ခံအယ်ဒီတာ ဦးမျိုးသန့်က ပြောသည်။

ဒါ့အပြင် သတင်းမီဒီယာကောင်စီမှတစ်ဆင့် ဖြေရှင်းရမည့်အစား ပုဇွန်တောင်မြို့နယ် ရဲစခန်းမှ တစ်ဆင့် တရားစွဲဆိုခြင်းသည် တရားဝင်မှတ်ပုံတင်ကာ သတင်းမီဒီယာလုပ်ငန်းများ ဆောင်ရွက်နေသည့် မဇ္ဈိမ မီဒီယာအနေဖြင့် သတင်းမီဒီယာဥပဒေ၏ အကာအကွယ်ပေးမှုကို မရရှိသည့် အနေအထားဖြစ်နေကြောင်း ဦးမျိုးသန့်က ဆက်ပြောသည်။

"အခုလို ရဲစခန်းကနေတစ်ဆင့် တရားစွဲတာက မဇ္ဈိမမီဒီယာနဲ့တကွ သက်ဆိုင်ရာ တရားစွဲခံရတဲ့ ပုဂ္ဂိုလ်တွေအားလုံးမှာ နစ်နာမှုရှိနေပါတယ်" ဟုလည်း ၎င်းက ပြောသည်။

အဆိုပါအမှုနှင့် ပတ်သက်၍ ဇူလိုင်လ ၇ရက်တွင် ပုဇွန်တောင် တရားရုံး၌ တရားလို နှင့် တရားစွဲဆိုခံထားရသူ နှစ်ဖက်လုံးကို စတင်စစ်ဆေးသွားမည်ဖြစ်သည်။